ဒေးဒရဲ ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အဓိကလိုအပ်လျက်ရှိသည့် မြစ်သဲထုတ်လုပ်မှုလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာအဖွဲ့များပူးပေါင်း၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကြည့်ရှုစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော် ဦးဆောင်မှုဖြင့် သက်ဆိုင်အဖွဲ့ကပူးပေါင်း၍ မြစ်သဲထုတ်ယူနေမှုလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ချက်များနှင့်အညီ မြစ်သဲထုတ်ယူရေး၊ ခွင့်ပြုဧရိယာအတွင်း မြစ်သဲထုတ်ယူရေးနှင့် ရေယာဥ်သွားလာမှုများ အနှောင့်အယှက်ဖြစ်ပေါ်မှုမရှိစေရေး ဆောင်ရွက်သွားကြရန်နှင့် လိုအပ်ချက်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်သည် ရေချို၊ ရေငန်သယံဇာတများ ပေါများသည့် ဒေသအလျောက် ရေချို၊ ရေငန်သယံဇာတများ အလွန်အမင်းထုတ်ယူသုံးစွဲမှု မရှိစေရေး၊ သတ်မှတ်စည်းကမ်းချက်များအညီ လိုက်နာမှုရှိစေရေး သက်ဆိုင်ရာဌာနများက အပတ်စဥ်ကွင်းဆင်းစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း