စစ်ကိုင်းမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ မွန်းမံသင်တန်း ဖွင့်ပွဲ ကျင်းပ

စစ်ကိုင်း ဇူလိုင် ၂၉

စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းအတွက် အမျိုးသမီးများ ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်း အခြေခံစက်ချုပ်နည်းပညာ၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ မွန်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးတွင်း ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းမြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်လေးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေလျှံစိုးက မွန်းမံသင်တန်းဖွင့်လှစ်ပေးပေးရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးရာ မွန်းမံသင်တန်းပြီးဆုံး လျှင်ထူးချွန်သင်တန်းသား (၅) ဦးအားရွေးချယ်ပြီး မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းဆောင်ရွက်နိုင်ရန် နိုင်ငံတော်မှ လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမှာဖြစ်တဲ့အတွက် စိတ်ဝင်စားစွာကြိုးစား လေ့လာကြပါလို့ ဆွေးနွေးပြောကြားကာ ခရိုင်ကျေးလက်လမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ သင်ထောက်ကူပစ္စည်းများပေးအပ်ရာ သင်တန်းသူတစ်ဦးကလက်ခံပေးခဲ့သည်။

အဆိုပါ မွန်းမံသင်တန်းကို (၇) ရက်ကြာ ပြန်လည်သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းသို့ သင်တန်းသား/ သင်တန်းသူ (၁၀) ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်( ပြန်/ဆက်)