ရန်ကုန် ဇူလိုင် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဈေးကုန်းအရှေ့ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းရှိ The 97 စားသောက်ဆိုင်တွင် ယမန်နေ့မွန်းလွဲ (၃) နာရီ မိနစ် (၅၀) အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ (၂၀x၁၀) ပေ အခန်းအတွင်းရှိ (MCG) အမျိုးအစား (၁) ကောင်ခွဲအားရှိသည့် Air-con Safe Guard အပူလွန်ကဲ၍ စတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ရာသို့ အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးကျော်ဇင်လတ်၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၂) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦးနှင့် တာဝန်ရှိသူများက အင်းစိန်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃) စီး၊ ရေသယ်ယာဉ် (၁) စီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ Super Myanmarမှ ရေသယ်ယာဉ် (၁) စီး၊ ကနောင်မှ ရေသယ်ယာဉ် (၁) စီး၊ လှိုင်သာယာ (အရန်မီးသတ်စခန်း)မှ ရေသယ်ယာဉ် (၁) စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ညနေ (၄) နာရီ မိနစ် (၂၀) တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် (၂၀x၁၀) ပေ အခန်းအဆောက်အဦး၊ အတွင်းပစ္စည်း ဆိုဖာဆက်တီ (၁) လုံး၊ သစ်သားစားပွဲ (၂) လုံး၊ (MCG) အမျိုးအစား (၁) ကောင်ခွဲအား Air-con (Indoor) (၁) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)