ကျိုက်လတ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ဂုဏ်ထူးရ‌အောင်သင်ကြား‌ပေးခဲ့သည့် ဆရာ/မများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကျိုက်လတ် ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အမှတ် (၄) ရပ်ကွက်၊ ရွှေဧရာအောင်ခန်းမ၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ဂုဏ်ထူးရ‌အောင် သင်ကြား‌ပေးခဲ့သည့် ဆရာ/မများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော‌ ကျောင်းသား၊ ကျောင်းသူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုဝန်ကြီးမှ (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦးအား တစ် ဘာသာလျှင် (၅၀၀၀၀/-) နှုန်းဖြင့် ငွေကျပ် (၂၅၀၀၀၀/-)၊ ပညာရေးပဒေသာပင်အတွက် ငွေကျပ် (၃၀၀၀၀၀/-) ကိုယ်စားပေးလှူခြင်းအား တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး (၅) ဘာသာ ဂုဏ်ထူးရှင်(၁)ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၄) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၄)ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၂၃) ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၃၉) ဦး၊ စုစုပေါင်း(၇၁)ဦး၊ ဂုဏ်ထူးအရေအတွက် (၁၁၈)ခု၊ အောင်ချက်အကောင်းဆုံး ကျောင်း(၆) ကျောင်း နှင့် ဂုဏ်ထူးရ‌‌အောင် သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမ (၅၅) ဦးတို့အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဆုတံဆိပ်များနှင့် ဆုချီးမြှင့်ငွေများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်အေးမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးထင်အောင်ကျော်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများကဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများကိုယ်စား (၅)ဘာသာဂုဏ်ထူးရှင် မောင်ကောင်းထက်ကျော်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်အကများဖြင့် ကပြ၊ သီဆိုဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ် (ပြန်/ဆက်)