ဖြူးမြို့နယ်၌ ကျွဲ၊ နွားများအတွက်အကျိုးရှိသော ကောက်ရိုးအား ယူးရီးယားဖြင့် ပြုပြင်ပြောင်းလဲကျွေးမွေးနိုင်ရေး လက်တွေ့သရုပ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျွဲ၊ နွားများအတွက် အစာအဖြစ် ကျွေးမွေးရာတွင် ကျွဲနွားများ ကိုယ်အလေးချိန်တိုးတက်စေခြင်း၊ မျိုးပွားမှုဆိုင်ရာကောင်းမွန်စေခြင်း၊ နို့စားနွားများ နို့ထွက်နှုန်းမြင့်မားစေခြင်းနှင့် အသားတိုးနွားများ အသားထွက်နှုန်းမြင့်မားစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေသောကောက်ရိုးအား ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်း လက်တွေ့သရုပ်ပြသခြင်းများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျီးမနိုးကျေးရွာအုပ်စု၊ ကျီးမနိုးကျေးရွာ၌ ကွင်းဆင်းလက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ရေရှည်တည်တံ့သော စိုက်ပျိုးရစနစ် နည်းပညာပေး သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးကောင်းသောက်လယ်ယာမြေများဖြစ်ပြီး ရာသီအလိုက် သီးနှံမျိုးစုံထုတ်လုပ်လျက်ရှိရာ ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ် ဖြစ်စေရန်အတွက် ယမန်နေ့က နည်းပညာပေး သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ဒေသခံပြည်သူများ ဆေးဝါးပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် ဆေးဝါးတိုက်ရိုက်ရောင်းချပွဲ ကျင်းပ

ပဲခူးမြို့၊ သီရိဥဿာဈေးရုံကြီးအပေါ်ထပ်၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆေးဝါးတိုက်ရိုက်ရောင်းချပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ဒေသခံပြည်သူများ ဆေးဝါးပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် ဆေးဝါးတိုက်ရိုက်ရောင်းချပွဲ ကျင်းပ

ပဲခူးမြို့၊ သီရိဥဿာဈေးရုံကြီးအပေါ်ထပ်၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆေးဝါးတိုက်ရိုက်ရောင်းချပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးက မြစ်ရေမြင့်တက်မှုကြောင့် အခြေခံပညာ ကျောင်းပေါင်း (၂၇) ကျောင်း ယာယီပိတ်ထား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် နေ့စဉ် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုတို့ကြောင့် ကျောင်းဝင်းအတွင်ရေများဝင်ရောက်ခြင်းနှင့် ကျောင်းသား/ သူများ ကျောင်းသွားရာလမ်းများ ရေကျော်ခြင်းတို့ကြောင့် အခြေခံပညာကျောင်းပေါင်း(၂၇)ကျောင်းအား ဇူလိုင်လ(၂၉)ရက်နေ့မှ စတင်၍ ယာယီပိတ်ထားခဲ့ရသည်။

ရေကြည်မြို့နယ်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ကွင်းသုံးဆင့်ကျေးရွာအုပ်စု၊ သပြေကွင်းကျေးရွာရှိ မိုဃ်းကောင်းစေတီတော်ဓမ္မာရုံ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဘိုကလေးမြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်များဆောင်ရွက်ပေးနေ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပိုက်စလပ်ကျေးရွာအုပ်စုတွင် ဇူလိုင် (၂၇) ရက်နေ့မှ စတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ကျေးရွာအုပ်စုတွင်းရှိ နိုင်ငံသားစိစစ်ရေးကဒ်များ ဆောင်ရွက်ပေးရန်ရှိသူများအား ပန်းခင်းစီမံချက် (၃) အရ ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိသည်။

ကျောင်းကုန်းမြို့၌ ဒါးကမြစ်ရေမြင့်တက်လာမှုကြောင့် စာသင်ကျောင်း (၄၇) ကျောင်း ယာယီပိတ်ထား

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့၌ မိုးသည်းထန်စွာရွာသွန်းသဖြင့် ဒါးကမြစ်ရေမြင့်တက်လာခဲ့ရာ ယနေ့မှစ၍ စာသင်ကျောင်း (၄၇) ကျောင်း ခေတ္တပိတ် ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။ယနေ့ ဒါးကမြစ်ရေသည် (၁၉) ပေသို့ ရောက်ရှိနေပြီး၊ အန္တရာယ်ရေအမှတ် (၂၀) ပေသို့ရောက်ရန် (၁) ပေသာလိုတော့သည်။
Subscribe to