ငပုတောမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

ငပုတော ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ဒုတိယမြို့နယ်ပညာရေးမှုး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနိုင်နှင့် တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃာဗဟိုဝန်ဆောင် ငပုတောမြို့ဒက္ခိဏာရုံကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော်မဟာဂန္တဝါစကာ ပဏ္ဍိတဘဒ္ဒန္တ ကုမာရမဟာထေရ် အရှင်သူမြတ်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ပင့်ဖိတ်၍ ကြွရောက်ချီးမြှင့်‌တော်မူကြသည့် ဆရာတော်သံယာတော်များထံ ဝဿဝါသိက ဝါဆိုလျာသင်္ကန်းနှင့် လှူဖွယ်ဝထ္ထုများကိုဒုတိယ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာဆရာမများက ကပ်လှူပူဇော်ကြသည်။

ထို့နောက် ဆရာတော်သံဃာတော်များရွတ်ပွား သရဇ္ဇာယ်တော်မူအပ်သည့် မေတ္တာသုတ်အစည့်ရှိသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး မဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တကုမာရ မဟာထေရ် အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာယူကြည်ညိုကြပြီး လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

အောင်သူ (ငပုတော)