ကျောင်းကုန်းမြို့၌ ဒါးကမြစ်ရေမြင့်တက်လာမှုကြောင့် စာသင်ကျောင်း (၄၇) ကျောင်း ယာယီပိတ်ထား

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့၌ မိုးသည်းထန်စွာရွာသွန်းသဖြင့် ဒါးကမြစ်ရေမြင့်တက်လာခဲ့ရာ ယနေ့မှစ၍ စာသင်ကျောင်း (၄၇) ကျောင်း ခေတ္တပိတ် ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။ယနေ့ ဒါးကမြစ်ရေသည် (၁၉) ပေသို့ ရောက်ရှိနေပြီး၊ အန္တရာယ်ရေအမှတ် (၂၀) ပေသို့ရောက်ရန် (၁) ပေသာလိုတော့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ကျင်းပပြုလုပ်သည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းအချိန်က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဒဂုံတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ (ဇုန်အဆင့်) ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ (ဇုန်အဆင့်) အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ (၁) ၌ ယမန်နေ့ ညနေ ၅ နာရီအချိန်က ကျင်းပခဲ့သည်။

ရပ်စောက်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြဝတီမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများမှ ပြည်သူများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ မြဝတီမြို့၌ မိုးအဆက်မ​​ပြတ် ရွာသွန်းခဲ့၍ သောင်ရင်းမြစ်ရေသည် ဇူလိုင် ၂၅ ရက်နေ့တွင် စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာသို့ ကျော်လွန်ရောက်ရှိခဲ့ရာ  ရေဘေးသင့် ပြည်သူများအား ယာယီရေဘေးရှောင်စခန်း ၁၁ ခုသို့ ပြောင်းရွှေ့နေရာချထားပြီးနောက် ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ဆန်၊ဆီ အစရှိသည့် အခြေခံစားသောက်ကုန်များကို ဇူလိုင် ၂၇ ရက်နေ့မှစ၍ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ စခန်းအလိုက် လိုက်လံထောက်ပံ့ပေးကြောင်း သိရသည်။

မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အခြေခံအိမ်ထောင်စုများအား သတ်မှတ်စျေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် များအသင်းမှ စားအုန်းဆီများကို အမှတ်(၁)၊ (၂)ရပ်ကွက်များနှင့် မြို့မတဲကြီးကုန်းကျေးရွာအတွင်းရှိ အခြေခံအိမ်ထောင်စုများအား ယနေ့နံနက်က သတ်မှတ်စျေးနှုန်းဖြင့် စားအုန်းဆီ ပိဿာ (၄၅၀) ရောင်းချပေးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား/သူ များအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ရှိ DTM ကိုယ်ပိုင်အထက်တန်းကျောင်းမှ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား/သူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရွှေဟင်္သာခန်းမ၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၄)သို့ တက်ရောက်

၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၄)ကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တမူးမြို့တွင် ပြည်သူလူထုပူးပေါင်းပါဝင်သော မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ပြည်သူလူထုပူးပေါင်းပါဝင်သော မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ(၂၅)ရက်နေ့ နံနက်(၉)နာရီအချိန်က အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ် မိုးယွန်းကြီးအင်းတာဘောင်ကြံ့ခိုင်မှုရှိစေရေး ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် မိုးသည်ထန်းစွာရွာသွန်းသောကြောင့် မြို့နယ်အတွင်းရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ယမန်နေ့က မိုးယွန်းကြီး အင်းတာဘောင်ကြံ့ခိုင်မှုရှိစေရေးအတွက် ဘေးဘောင်ရေရိုက်ခတ်၍ ပြိုကျသည့်နေရာများအား မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to