ပဲခူးမြို့နယ်၌ မိုးရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှုများကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၃၇) ကျောင်း ယာယီပိတ်ထားရ

ပဲခူးမြို့နယ်၌ မိုးရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှုများကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၃၇) ကျောင်းကို ယနေ့မှစတင်၍ ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသူများ အဆင်ပြေ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ကျေးလက်နေပြည်သူများသည် လယ်ယာလုပ်ငန်းဖြင့် တွဲဖက်၍ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ ဝက်များစျေးကောင်းပေးဝယ်နေ၍ ဝက်မွေးမြူသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ အမျိုးသမီးကော်မတီနာယက ဝါဆိုသီလရှင်များအား သီလရှင်ဝတ်စုံနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်၊ အမျိုးသမီးကော်မတီနာယက ဒေါ်ညိုမီစောသည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ဇနီး ဒေါ်သီတာ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး၏ဇနီး ဒေါ်ကြည်ပြာထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက် (၁၀) နာရီက တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ သာသနဝံသီ သီလရှင်ကျောင်းသို့သွားရောက်ပြီး ဝါဆိုသီလရှင်များအား သီလရှင်ဝတ်စုံ (၃၀) စုံနှင့် ဆွမ်းဆန် (၃၀) အိတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ပုသိမ်မြို့နယ်၊ ချောင်းသာမြို့တွင် ဆူနာမီဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့တွင် ဆူနာမီဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇူလိုင် ၂၈ ရက်နေ့ နေ့လည်ပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ School Cum Shelter တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေ ၈၆.၉‌ ပေ ကျဆင်းခဲ့သဖြင့် ယာယီရေဘေးစခန်းမှ အိမ်ထောင်စုများ မူလနေအိမ်များသို့ ထပ်မံပြောင်းရွှေ့

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီရေဘေးစခန်းသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စုများ ဧရာဝတီမြစ်ရေ ၈၆.၉ ပေသို့ ထပ်မံကျဆင်းခဲ့သဖြင့် အိမ်ထောင်စုများ မူလနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့၌ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့်စိုက်ပျိုး ကွင်းသရုပ်ပြပွဲ အခမ်းအနားကျင်းပ

ဟိုင်းကြီးကျွန်းမြို့၌ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့်စိုက်ပျိုး ကွင်းသရုပ်ပြပွဲ အခမ်းအနားကျင်းပ ဟိုင်းကြီးကျွန်း ဇူလိုင် ၂၉ လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)

သရက်မြို့၌ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့နည်း သုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ် ပြည်သူများအား ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၈) နာရီခွဲအချိန်က မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

ကျိုက်လတ်မြို့နယ် (Community Centre)ခန်းမ၌ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာ Talk Show ကျင်းပ

ကျိုက်လတ်မြို့နယ် (Community Centre)ခန်းမ၌ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာ Talk Show ကျင်းပ ကျိုက်လတ် ဇူလိုင် ၂၉ လှိုင်မင်းအောင်

ရွှေတောင်မြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။

သရက်မြို့၌ ဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များ အသင်းမှ စားသုံးသူပြည်သူများအား ဆန်များ ရောင်းချပေး

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များအသင်းမှ စားသုံးသူ ပြည်သူများအား အရည်အသွေးကောင်းမွန်သော ဧည့်မထဆန် တစ်ပြည်လျှင်(၃၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက် (၈) နာရီက အနောက်ရပ်မြောက်ပိုင်းရပ်ကွက် အလင်းရောင် ဘုန်းတော်ကြီးကျောင်းတွင် ရောင်းချပေးလျက်ရှိသည်။
Subscribe to