ပုသိမ် ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ရွာသစ်ကျေးရွာအုပ်စုအတွင်း င၀န်မြစ်ရေမြင့်တက်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှုတို့ကြောင့် ရွှေ့ပြောင်းနေထိုင်ခဲ့သည့် ယာယီရေဘေးရှောင် အိမ်ထောင် စုများအတွက် ဆန်ရိက္ခာဖိုးငွေနှင့် ကာဘော်လစ်ဆပ်ပြာများအား ယမန်နေ့ညနေပိုင်းက တာဝန်ရှိ သူများက ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များက ပုသိမ်မြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စုအတွင်း င၀န်မြစ်ရေမြင့်တက်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှုတို့ကြောင့် ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် အိမ်ခြေ (၂၆) လုံး၊ အိမ်ထောင်စု (၂၇) စုမှ လူဦးရေ(၉၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၂၀၁၆၀၀ိ/-) နှင့် ကာဘော်လစ်ဆပ်ပြာ (၂၇) တောင့်တို့အားဘေးသင့်ပြည်သူများလက်၀ယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)