မော်လမြိုင်မြို့၌ တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်

မော်လမြိုင် ဇူလိုင် ၂၉

မော်လမြိုင်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာနှင်းဝေမျိုးနိုင်နှင့် ဒု-ဦးစီးမှူးဒေါ်ကေဇင်စိုးတို့မှ မော်လမြိုင်မြို့နယ်အတွင်း နွားမွေးမြူသူများကို တိရစ္ဆာန်အစာပေါများစေရန်အတွက် ကောက်ရိုးကိုစနစ်တကျထုပ်ပိုးသိမ်းဆည်းခြင်း၊ ကောက်ရိုးချဉ်ဖက်ပြုလုပ်ခြင်း၊ ကောက်ရိုးကို ယူးရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်း တောင်သူပညာပေးသရုပ်ပြလုပ်ငန်းများကို မြေနီကုန်းရပ်ကွက်၊ ဦးမင်းနိုင်ဦး၏ နွားခြံတွင် ပညာပေးသရုပ်ပြခြင်း ဆောင်ရွက်ခဲ့သည်။

ကောက်ရိုးများကို ပြုပြင်ကျွေးမွေးခြင်းဖြင့်နို့ထွက်မှုမြင့်မားလာခြင်း၊ နွားငယ်နှင့်ခိုင်းနွားများတွင် ကြီးထွားနှုန်း မြင့်တက်လာခြင်း၊ အစာ၏အရသာ နည်းပါးသောအပိုင်းများ ပိုမိုအရသာကောင်းမွန်လာခြင်း၊ ကာလအတော်ကြာထိန်းသိမ်း သိုလှောင်ထားနိုင်ခြင်း၊ မိုးရာသီ၌ပြုလုပ်နိုင်ခြင်း၊ ကုန်ကျစရိတ်နည်းပါးစေခြင်းစသည့် အကျိုးကျေးဇူးများရရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်