မြန်အောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေကျဆင်းလာသဖြင့် ယာယီပိတ်ထားသော အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြား
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာကျောင်း စုစုပေါင်း(၃၆)ကျောင်း ယာယီပိတ်ထားရာမှ မြစ်ရေကျဆင်းလာသဖြင့် အခြေခံပညာကျောင်း(၁၆)ကျောင်း ယနေ့အထိ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။