မိုင်းတုံမြို့၌ မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊‌ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယ‌မန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရှိ အစည်းအ‌ဝေးခန်းမတွင် ကျင်းပခဲ့သည်။

အမရပူရမြို့နယ် ထန်းတောကျေးရွာ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ ဟောပြောပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာ ရှင်စောပုဘုရားဓမ္မာရုံ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ရုံးမှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် စာသင်ကျောင်း (၁၇) ကျောင်း ပိတ်ထားရ

ဧရာဝတီတိုင်ဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှု ကြောင့် ဇူလိုင်လ (၂၉)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ယနေ့အထိ အခြေခံပညာကျောင်း (၁၇)ကျောင်း ပိတ်ထားရကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာမေးပွဲ အောင်လက်မှတ်နှင့်စာအောင်ဆုများ ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကျောက်ဆည်မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာမေးပွဲ၌ အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့်စာအောင်ဆုများ ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁၂ နာရီက သီရီသာသနာ့ဓမ္မရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရွှေပြည်သာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ထမင်းဘူးများဝေငှ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်၍ လူနေအိမ်များ ရေဝင်ရောက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် စေတနာရှင်ပြည်များ၊ လူမှု‌ရေးအသင်းအဖွဲ့များမှ ပြည်သူများစားသောက်ရေးအဆင်ပြေစေရန် ထမင်းဘူးများကို ဝေငှပေးလျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (အဏ္ဏဝါ) တွင် ကလေးသူငယ်အသိပညာပေး‌ဟောပြောပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ရှိ အ-ထ-က(ခွဲ)၊ အ-လ-က(၁) အဏ္ဏဝါကျောင်းတွင် ဇူလိုင်လ ၂၉ ရက်နေ့၊ မွန်းလွဲပိုင်းအချိန်က ကလေးသူငယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။

လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း(ကျောက်ပန်းတောင်း)တို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါကျောင်းရှိ စုဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရေကြည်မြို့နယ်တွင် ရေဘေးရွှေ့ပြောင်းတိရစ္ဆာန်များအတွက် နွားစာများထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ သောင်ကြီးကျေးရွာအုပ်စုနှင့် ရေနံ့သာ ကျေးရွာအုပ်စုရှိ ပုသိမ်-မုံရွာ ကားလမ်းဘေး ဝဲ၊ ယာတွင် တိရစ္ဆာန်များ ရေဘေးပြောင်းရွှေ့မှုတို့အပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေး၊ ကျုံပျော် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာထွန်းမင်းနှင့်အဖွဲ့သည် နွားစာ (50Kg)အိတ် ၂၀ အား တိရစ္ဆာန်ပိုင်ရှင်များထံသို့ ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

မအူပင်မြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောင်းများခေတ္တပိတ်ထားရ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြစ်ရေဝင်ရောက်မှုနှင့် မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၆) ကျောင်းကို ဇူလိုင် ၂၉ ရက်နေ့မှ စတင်၍ ခေတ္တပိတ်ထားရသည်။

စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး၊ ဆီထွက်သီးနှံများနှင့် ဝါသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး (မျိုးစေ့နှင့် သွင်းအားစု) များ (အခမဲ့) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄- ၂၀၂၅ ခုနှစ်၊ မိုးစပါး၊ ဆီထွက်သီးနှံများနှင့်ဝါသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးစေ့နှင့် သွင်းအားစုများ (အခမဲ့) ထောက်ပံပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ (၂၉) ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (ကိုယ်စား) ယာယီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးချစ်ဆွေဦးနှင့် ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်နှင့် မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
Subscribe to