မြန်အောင် ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာကျောင်း စုစုပေါင်း(၃၆)ကျောင်း ယာယီပိတ်ထားရာမှ မြစ်ရေကျဆင်းလာသဖြင့် အခြေခံပညာကျောင်း(၁၆)ကျောင်း ယနေ့အထိ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
မြန်အောင်မြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့်(၁)ကျောင်း၊ အခြေခံပညာအလယ်တန်းအဆင့်(၃)ကျောင်း၊ အခြေခံပညာမူလတန်းအဆင့်(၁၂)ကျောင်း စုစုပေါင်း (၁၆) ကျောင်း ပြန်လည်ဖွင့်လှစ်ထားရှိကြောင်းနှင့် အဆိုပါကျောင်းများတွင် ဧရာဝတီမြစ်ရေ ကြီးမှုကြောင့် တင်ကျန်ရစ်သည့်ရွှံ့နွံများ၊ အမှိုက်သရိုက်များအား ဆေးကြောရှင်းလင်းခြင်းကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းကော်မတီဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ၏မိဘများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ကျောင်းများပြန်လည် ဖွင့်လှစ်စာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)