သံဖြူဇရပ် ဇူလိုင် ၃၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပေါများစေရန် ကောက်ရိုးချဉ်ဖတ်ပြုလုပ်နည်းသရုပ်ပြသပွဲကို ယမန်နေ့နံနက်ပိုင်းက ကျုံကဒတ်ကျေးရွာဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းငွေထွန်းက ကောက်ရိုးချဉ်ဖတ်ပြုလုပ်ခြင်း၊ ကောက်ရိုးကို စနစ်တကျထုတ်ပိုးသိမ်းဆည်းခြင်းနှင့် ကောက်ရိုးကို ယူးရီးယားဖြင့် ပြုပြင်ကျွေးမွေးနည်းတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ လက်တွေ့ပြသရာ ဦးစွာကောက်ရိုးများကိုစင်း၍ ယူရီးယားပက်ဖျန်း၍ အိတ်ထဲသို့ထည့်ကာ (၃) ပတ်ကြာထားခြင်းဖြင့် ကောက်ရိုးချဉ်ဖတ်ရရှိနိုင်ကြောင်း လက်တွေ့သရုပ်ပြသခဲ့သည်။
အဆိုပါ ပညာပေးဟောပြောခြင်းနှင့် ပြုပြင်ကျွေးမွေးနည်း လက်တွေ့သရုပ်ပြသခြင်းကို နွားမွေးမြူသူ ၁၆ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)