ရွှေတောင် ဇူလိုင် ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် သဘာဝဘေးသင့်ဒေသများသို့ တိရစ္ဆာန်အစာနုထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်ကအဖွင့်အမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူးဒေါ်အေးချမ်းဝင်းမှ တိရစ္ဆာန်အစာနုကျွေးပုံကျွေးနည်းနှင့် ကျွေးရမည့်တိရစ္ဆာန်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သဘာဝဘေးသင့်ဒေသများသို့ တိရစ္ဆာန်အစာနုထောက်ပံ့ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာအေးချမ်းဝင်းတို့က ရေဘေးကျရောက်သည့် ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၉)အုပ်စုများအတွက် တိရစ္ဆာန်အစာနုအိတ်(၄၀)အိတ် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ ဆက်)