လိပ်သို ဇူလိုင် ၃၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြရာ တောင်ပေါ်ကွမ်းရွက်ကြမ်းများကို မိမိတို့ဉယျာဉ်ခြံအတွင်းရှိ ကွမ်းသီးပင်နှင့် နှစ်ရှည်ပင်ကြီးများပေါ်တွင် တွဲဖက်၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
တောင်ပေါ်ကွမ်းကြမ်းများမှာ နွေရာသီကာလ၌ ကွမ်းကြမ်းအထုပ် (၄၀)ပါရှိသော အချိန်(၁၀)လျှင် ကျပ်(၂၅ဝဝဝိ/-)မှ (၃၅ဝဝဝိ/-)ကျပ်အထိသာ ဈေးရရှိပြီး ယခုမိုးရာသီကာလတွင် ကွမ်းကြမ်းအထုပ်(၄၀)ပါရှိသော အချိန်(၁၀)လျှင် ကျပ်(၃၅ဝဝဝိ/-)မှ (၄၀ဝဝဝိ/-)ကျပ်အထိ ဈေးရရှိနေပြီး ကွမ်းကြမ်းများ ရောင်းဝယ်မှု အားကောင်းလျက်ရှိကြောင်း သိရသည်။
ကွမ်းကြမ်းများမှာ မိုင်းလွန်ကျေးရွာ၊ ငပိုးကြီး၊ ဒေဒါခို၊ လေလော်ဒေး၊ ထီးသာစော၊ လာမယ်ဖိုလီ၊ နာလောဖိုလီ စသည့်တောင်ပေါ်ကျေးရွာများမှ အဓိကထွက်ရှိပြီး ကွမ်းပွဲစားများက အရွက်ခြွေပြီးသောအထုပ်ဖြင့်လည်းကောင်း၊ အရွက်မခြွေရသေးသောကိုင်းစည်းဖြင့်လည်းကောင်း လာရောက်ဝယ်ယူကြကာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရေတာရှည်၊ အုတ်တွင်း၊ ထန်းတပင်မြို့နယ်များသို့ ပြန်လည်ဖြန့်ချိရောင်းချကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)