လှိုင် ဇူလိုင် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က လှိုင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ ခပေါင်းအိမ်ယာနှင့်ရတနာလမ်းသို့လည်းကောင်း၊ အမှတ်(၁၅)ရပ်ကွက်ရှိ အမှတ်(၈)သစ်စက် ဝန်ထမ်းအိမ်ရာများသို့လည်းကောင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်ဇင်ထွဋ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာဝေဆင့်ကျော်တို့ဦးဆောင်၍ မြို့နယ်စည်ပင်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့သည် လှိုင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ ခပေါင်းအိမ်ယာနှင့်ရတနာလမ်းသို့လည်းကောင်း၊ အမှတ်(၁၅)ရပ်ကွက်ရှိ အမှတ်(၈)သစ်စက်ဝန်ထမ်းအိမ်ရာများသို့လည်းကောင်း ကွင်းဆင်း၍ ရေကန်များအား ကလိုရင်းဆေးခတ်ခြင်း၊ သောက်ရေများအား ရေသန့်ဆေးပြားများခတ်ခြင်း၊ လူနာသစ်ရှာဖွေခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ယမင်း (ပြန်/ဆက်)