ပျော်ဘွယ် ဇူလိုင် ၃၁
ပျော်ဘွယ်မြို့နယ် သန်းခေါင်စာရင်းကော်မတီမှဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်က သန်းခေါင်စာရင်းကောက်ယူသူများ လာရောက်ပြီး မေးမြန်းဆွေးနွေးချက်များကို ကြည်ဖြူစွာ ပြန်လည်ဖြေကြားပေးနိုင်ရေး၊ အချက်အလက်များမှန်ကန်ရေး၊ သက်ဆိုင်ရာဝန်ထမ်းများအနေဖြင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝေဖြိုးဆောင်က သန်းခေါင်စာရင်းကောက်ယူမည့် နေ့ရက်၊ အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သန်းခေါင်စာရင်းကောက်ယူရေး အသိညာပေးလက်ကမ်းစာစောင်များကို ကျေးရွာပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)