ငပုတော ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပညာရေးငွေစုငွေချေး သမဝါယမအသင်း လီမိတက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ သဘာပတိမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးအရာရှိ ဦးစိုးနိုင်က အမှာစကား ပြောကြားသည်။
ထို့နောက်မြို့နယ်ပညာရေးမှူး ဦးဗညားအောင်က အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးရဲမြင့်စိုးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပညာရေးငွေစုငွေချေးသမဝါယမ အသင်းလီမိတက်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်ပြီး ဒါရိုက်တာအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အစီရင်ခံစာကို အသင်းဒုဥက္ကဋ္ဌ ဦးသက်ဦးအောင်က ဖတ်ကြားတင်ပြသည်။
ထို့နောက်လက်ကျန်ရှင်းတန်းကို အုပ်ချုပ်မှု ဒါရိုက်တာ ဦးကြည်လွင်က ဖတ်ကြားပြီးထူးချွန်ဆုရရှိသော အသင်းသူအသင်းသားများ၏သားသမီးများအား ဂုဏ်ပြုဆုငွေနှင့် မှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး သဘာပဝတိက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)