ကျောက်ဆည် ဇူလိုင် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များသည် ယနေ့နံက်(၁၀)နာရီက အတုလဝတီသီလရှင်ကျောင်းနှင့် မသန်စွမ်းအမျိုးသမီး(၂)ဦးအား ဆွမ်းဆန်နှင့်ထောက်ပံ့ငွေများ၊ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဒေါ်ခက်ခက်ခိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များသည် ဖောင်ရွာရပ်ကွက်အတွင်းရှိ အတုလဝတီသီလရှင်ကျောင်းမှ ကျောင်းထိုင်သီလရှင်ဒေါ်မာလာသိင်္ဂီနှင့် ဓမ္မပဒ၊ သဒ္ဒါ၊ သင်္ဂြိုလ်၊ ညဝါ စသည့် ဗုဒ္ဓတရားတော်စာပေများ သင်ယူနေသည့်သီလရှင်များအား ဆန်၊ ဆီ၊ ဆားများနှင့် ငှက်ပျောသီးများ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဒေါ်ခက်ခက်ခိုင်နှင့်အဖွဲ့ဝင်များသည် အေးမြကြည်လက်ရပ်ကွက်သို့ သွားရောက်ပြီး အသက်(၂၁)နှစ်အရွယ် မသန်စွမ်းအမျိုးသမီးနှင့် အသက်(၂၂)အရွယ် မသန်စွမ်းအမျိုးသမီး(၂)ဦးအား လက်ဝယ်အရောက် အလှူငွေနှင့် အာဟာရဖြစ် နွားနို့၊ ကြက်ဥ၊ ငှက်ပျောသီးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)