လပွတ္တာမြို့ နယ် တွင်ပန်းခင်း စီမံချက် (၃) အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးနှင့် (Biometric Data) များ ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိ

လပွတ္တာ ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက " လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို လပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၊ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိရာဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း သို့ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပန်းခင်းစီမံချက် (၃) အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခြင်းကိုလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လပွတ္တာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးဆန်းဦး မှဦးဆောင်ကာ တိုက်နယ်မှူး နှင့် ဝန်ထမ်းများက အ.ထ.က ၂ ကျောင်းသို့ ကွင်းဆင်း၍ အသက် (၁၀) နှစ်ပြည့်ပြီးသူ၊၃၀.၁၂.၂၀၂၅ ရက်နေ့တွင် အသက် (၁၈) နှစ် ပြည့်မည့်နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသူ၊အိမ်‌ထောင်စုစာရင်းမရှိသူ ကျောင်းသား၊ ကျောင်းသူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် (Biometric) ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခဲ့ကြောင်းသိရသည်။ အဆိုပါ လုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ သက်ဆိုင်ရာ တိုက်နယ်မှူးများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မူမူ