အင်္ဂပူမြို့နယ်တွင် ငဝန်မြစ်ရေ ကြီးမြင့်မှုကြောင့် ယာယီပိတ်ထားသောအခြေခံပညာကျောင်း (၂၄) ကျောင်း ပြန်လည်ဖွင့်လှစ်

အင်္ဂပူ ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ငဝန်မြစ်ရေသည် စိုးရိမ်ရေ အမှတ်အထက် ကျော်လွန်ရောက်ရှိလာမှုကြောင့် အခြေခံပညာကျောင်းဝန်းအတွင်း မြစ်ရေဝင်ရောက် လာသဖြင့် ကျောင်းများယာယီပိတ်ထားခဲ့ရာအခြေခံပညာကျောင်း (၂၄) ကျောင်းအား ယနေ့နက်ပိုင်းမှစတင်၍ ပြန်လည် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

အင်္ဂပူမြို့နယ်တွင် ငဝန်မြစ်ရေသည် စိုးရေအမှတ်အထက်မြင့်တက် လာမှုကြောင့် (၁၆-၇-၂၀၂၄) ရက်နေ့မှစ၍ အခြေခံပညာကျောင်းများယာယီပတ်ထားခဲ့ရာ ယခုအခါ ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းခဲ့သဖြင့် အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်‌ရန် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းကော်မတီဝင်များနှင့် ကျောင်းသား၊ကျောင်းသူများက မြစ်ရေကြီးမှုကြောင့် တင်ကျန်ရစ်သည့် ရွံ့နွန်များ၊ အမှိုက်သရိုက်များအား ဆေးကြောရှင်းလင်းခဲ့ပြီး (၃၀-၇-၂၀၂၄)နေ့တွင် ကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မန်းကျော် (ပြန်/ဆက်)