ရေကြည်မြို့နယ် သစ်ဖြူပင်ကျေးရွာအုပ်စုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာသားရေစီးချောင်းများဖြစ်ပေါ်ပြီး မြေသားချိုင့်ခွက်မှုဖြစ်ပေါ်

ရေကြည် ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် သစ်ဖြူပင်ကျေးရွာအုပ်စု၊ သစ်ဖြူပင်ကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ငဝန်တာမိုင်အမှတ် ၄၈ နှင့် ၄၉ ကြားတွင်မိုးသည်းထန်စွာရွာသွန်းမှု့ကြောင့် တာသားရေစီးချောင်းဖြစ်ပေါ်ပြီး မြေသားချိုင့်ခွက်မှု့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှု့ကြောင့် တာသားရေစီးချောင်းဖြစ်ပေါ်ပြီး မြေသားချိုင့်ခွက်ဖြစ်ပွားရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေး ၊ငါးသိုင်းချောင်းမြို့ ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးဇင်မြတ်မင်းထွဋ်၊ ဆည်မြောင်းဦးစီးဌာန၊ မြို့နယ်စည်ပင်၊မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးပါဝင်သောအဖွဲ့မှ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ တုတ်ရိုက်ဂန်းထောက်ခြင်း၊ သဲအိတ်စီခြင်း၊ အမိုးမိုးခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မေသန့်ဇင် (ပြန်/ဆက်)