မြို့သစ် ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများအား ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မျိူးဇော်က ရာသီတုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပြီး မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဆရာမ ဒေါ်ညွန့်ညွန့်ကြည်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း (၂၀၀)ဦးအား ရာသီတုပ်ကွေးရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)