ဖျာပုံမြို့ နယ် တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric စာရင်းရေးသွင်းလျှောက်လွှာ ပုံစံများနေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်ပေး

ဖျာပုံဇူလိုင်၂၇

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်သမိန်ထောကုန်းတန်းကျေးရွာ၊ အ.ထ.က (သမိန်ထော) ကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန" လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် (၃) အဖြစ် ဇူလိုင်လ (၂၇) ရက်နေ့ နံနက် (၁၀) နာရီ အချိန်က အ.ထ.က (သမိန်ထော) ကျောင်း ၊အနန္တဂုဏ်ရည်ခန်းမတွင် ပညာရေးဝန်ထမ်းများနှင့်ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric စာရင်းရေးသွင်းလျှောက်လွှာပုံစံများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးဦးသန့်ဇင်က ပညာရေးဝန်ထမ်းများနှင့်ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric စာရင်းရေးသွင်းလျှောက်လွှာပုံစံများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်က နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ရာ အ.ထ.က (သမိန်ထော) ကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်ဦးက လက်ခံရယူကြသည်။ ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ အားနိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက်လိုက်လံပေးအပ်ခဲ့ပြီး အ.ထ.က (သမိန်ထော) ကျောင်းမှပညာရေးဝန်ထမ်းများ၊ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၆၀)ဦးကျော်အား နိုင်ငံသားစိစစ်ရေး ကတ်ပြား များ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ပြီး Biometric စာရင်းရေးသွင်းလျှောက်လွှာပုံစံများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးကြသည်။ ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ရပ်ကွက်/ ကျေးရွာများသို့လည်း၊နေ့ရက်အလိုက် ပန်းခင်းစီမံချက် (၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများကို ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်​ပေးခြင်းနှင့် Biometric စာရင်းရေးသွင်းခြင်းကိုလည်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝန်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်

ဖျာပုံခရိုင် (ပြန်/ဆက်)