ဒေးဒရဲ ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား ယနေ့နံနက်ပိုင်းတွင် တမာတကောကျေးရွာအုပ်စု၊ တမော့ကြီးကျေးရွာအုပ်စုနှင့် မိချောင်းအိုင်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် (၂၀၂၄) ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ငွေများကို တစ်ဧကလျင် (၁၅၀၀၀၀) ကျပ်နှုန်းဖြင့် စိုက်ပျိုးချိန်အမီ ထုတ်ချေးပေး ပေးလျက်ရှိရာ ယနေ့အထိ ကျေးရွာ (၆၇) အုပ်စုရှိ တောင်သူ (၂၀၃၂) ဦး၏ စိုက်ပျိုးဧက (၁၅၆၂၀) ဧကအတွက် ငွေကျပ် (၂၃၄၃.၀၀) သန်းကို ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရပြီး စိုက်ပျိုးစရိတ်ချေးငွေများကို တစ်နှစ်အတိုးနှုန်း (၅%) နှုန်းဖြင့် (၂၀၂၅) ခုနှစ် ဧပြီလကုန် နောက်ဆုံးထား၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးစန်းလွင်ထံက သိရသည်။
အေဇာလင်း