မန္တလေးတက္ကသိုလ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို စာဖတ်ဝိုင်း၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲနှင့်ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပ

မဟာအောင်မြေ ဇူလိုင် ၃၁

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးတက္ကသိုလ်၊ အင်းဝ(၉)ခန်းမ၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို စာဖတ်ဝိုင်း၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ပြိုင်ပွဲများနှင့် ပတ်သက်၍ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပရခြင်းနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး ယင်း​နောက် ပြိုင်ပွဲများ ဆက်လက်ကျင်းပပေးခဲ့ရာ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုပါမောက္ခချုပ်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြား​ရေးမှူးနှင့် တာဝန်ရှိသူများမှ  ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထို့​နောက် မန္တလေးတက္ကသိုလ်၌ စာကြည့်တိုက်ဖွံ့ဖြိုးများတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြိုအ​ဖြစ် ဇူလိုင်(၃၀)ရက်နေ့က အင်းဝ(၂၇)ခန်းမ၌ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို ကျင်းပပေးခဲ့ပြီး ဇူလိုင်(၃၁) ရက်နေ့တွင် အင်းဝ(၉)ခန်းမ၌ စာဖတ်ဝိုင်း၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ဇူလိုင်လ(၃၁)ရက်နေ့မှ သြဂုတ်လ(၂)ရက်နေ့အထိ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲများတွင် ဆုရကျောင်းသား/ သူများအား တာဝန်ရှိသူများမှ သြဂုတ်(၆)ရက်နေ့တွင် ဆုများအား အသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရပြီး ​​သြဂုတ်လ(၆)ရက်နေ့တွင် မန္တလေးတက္ကသိုလ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်းလည်း သိရသည်။

အောင်ဇော်မင်း