တံတားဦးမြို့နယ် အခြေခံပညာနှင့်စက်မှု၊စိုက်ပျိုး၊မွေးမြူရေးကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/သူများအား တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်နှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲ(၂)နာရီက တံတားဦးမြို့နယ် အခြေခံပညာနှင့်စက်မှု၊စိုက်ပျိုးရေး၊မွေးမြူရေးကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား တွေ့ဆုံပြီး အားပေးစကားပြောကြားကာ စိုက်ပျိုးရေးဘာသာ သင်ကြားပေးနေသော ဆရာ/မ(၇)ဦးအတွက် တစ်ဦးလျှင် ဆန်(၄)ပြည်၊ ကြက်ဥ(၂၀)လုံးနှင့် ခြောက်ဆွဲခြောက်ထုပ်(၅)ထုပ်စီကိုလည်းကောင်း၊ စိုက်ပျိုးရေးဘာသာ တက်ရောက်ပညာသင်ယူနေသော ကျောင်းသား/သူ(၅)ဦးအတွက် တစ်ဦးလျှင် ဗလာစာအုပ် (၁)ဒါဇင်၊ ဘော့ပင်(၆)ချောင်းနှင့် ငွေကျပ်(၁၀၀၀၀)စီတို့ကို လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည် ။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း ၂၀၂၄ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ကျောက်ဆောင်ကျေးရွာအနီး အောင်ပန်း - ပင်းတယ - ရပ်စောက်ကားလမ်းမကြီး ဘေးဝဲ/ယာတစ်လျှောက်နှင့် မြင်းမူးကျေးရွာအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတပြည့်စုံကြွယ်ဝပြီး နိုင်ငံတော်ကအားကိုးအားထားပြုရသည့် အနာဂတ်ခေါင်းဆောင်ကောင်းများအဖြစ် ပေါ်ထွန်းလာစေရေး၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိလာပြီး အားလပ်ချိန်၌ ဗဟုသုတများစွာရရှိစေမည့် စာအုပ်စာစောင်များဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးအတွက်ရည်ရွယ်၍ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တာမွေမြို့နယ်ရှိ အမှတ်(၂၆) အခြေခံပညာမူလတန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်အတွင်းရှိ တောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများတွင် လယ်ထွန်စက်ကြီးများကို ပိုမိုအသုံးပြု

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ တောင်သူများသည် ယခုနှစ် မိုးရာသီကာလမိုးစပါးနှင့် အခြားသီးနှံများစိုက်ပျိုးချိန်တွင် လယ်ယာမြေများထွန်ယက်ပြုပြင်ခြင်းလုပ်ငန်းကို ယခင်နှစ်များထက် လယ်ထွန်စက်ကြီးငှားရန်းအသုံးပြုသူများ ပိုမိုများပြားလာကြောင်း ကွင်းအမှတ်(၄၅၈) မြစ်ဆုံလေးကွင်းရှိ တောင်သူဦးဇော်နိုင်ထံမှ သိရသည်။

မအူပင်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချ

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့တွင် မြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ယနေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရောင်းချပေးလျက်ရှိသည်။

တနင်္သာရီမြစ်ရေအန္တရာယ်ရေအမှတ်ထက်မြစ်ရေလျှံနေမှုကြောင့် အိမ်ထောင်စုပေါင်း(၈၃၉)စုမှ လူဦးရေပေါင်း(၃၉၃၉)ဦးတို့က ရေလွတ်ရာသို့ယာယီပြောင်းရွှေ့နေထိုင်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ဒုတိယအပတ်မှစတင်၍ မိုးများသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၃၁ ရက် ညနေအထိ တိုင်းတာချက်အရ တနင်္သာရီမြို့နယ်၏ အန္တရာယ်ရေအမှတ်ဖြစ်သည့်(၂၄)ပေအထက် (၇)ပေတိတိ ကျော်လွန်ကာ (၃၁)ပေသို့မြစ်ရေဝင်ရောက်ခဲ့ရာမှ ယနေ့နံနက် ၉ နာရီအချိန်၌ (၂၇) ပေအထိ တဖြည်းဖြည်းပြန်လည်ကျဆင်းခဲ့ပြီး မြစ်ရေတံ့လျက်ရှိနေကြောင်း မြို့တွင်းရေဝင်ရောက်မှုအခြေအနေမှာ အမြင့်ဆုံးနေရာ၌ တစ်ပေခန့်နှင့် အနိမ့်ဆုံးနေရာတွင် ကိုးပေခန့်ရှိနေသေးကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် အန္တရာယ်ရှိကျောင်းဆောင်အား ဖျက်သိမ်းပြီး ဆောင်ဆောင်အသစ်ဆောက်လုပ်ပေးသွားမည်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသော ကျောင်းအဆောင်များ၊ ခြံဝန်းများ၊ ကျောင်းအတွင်းကွန်ကရစ်လျှောက်လမ်းများ၊ ရေသန့်စက်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပြီး (၂၀၂၄-၂၀၂၅)ခုဘဏ္ဍာနှစ်၌ ကြောင်ပန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းဆောင်အသစ်ဆောက်လုပ်ပေးနိုင်ရေး အန္တရာယ်ရှိကျောင်းဆောင်တစ်ဆောင်အား ဖျက်သိမ်းလျက်ရှိကြောင်း သိရသည်။

ဘိုကလေးပညာရေးဒီဂရီကောလိပ်ဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ အရုဏ်ဆွမ်းလောင်းလှူ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့မ ဆွမ်းလောင်းအသင်းဓမ္မာရုံကြီးတွင် ယနေ့နံနက်(၅)နာရီအချိန်၌ဘိုကလေးပညာရေးဒီဂရီကောလိပ်မှဝန်ထမ်းများ၊ သင်တန်း သား၊ သင်တန်းသူများစုပေါင်း၍ မြို့နယ်တွင်းရှိ သံဃာကျောင်းတိုက်ပေါင်း (၅၃)ကျောင်းမှ ဆရာတော်၊ သံဃာတော်များ၊ ရှင်သာမဏေများအား အာရုဏ်ဆွမ်းလောင်းလှူခဲ့ကြသည်။

ငါန်းဇွန်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် စံမညီဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသောဆေးဝါးများ အသုံးပြုနိုင်ရန် ယနေ့နံနက်၈နာရီခွဲက မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စစ်ဆေးတွေ့ရှိရသော စံမညီ Batch No ဖြင့် ဆေးဝါးများကို ဆေးဝါးမှတ်ပုံတင်သက်တမ်းတိုးခြင်း ငြင်းပယ်ခဲ့ရာ ဈေးကွက်မှ ပြန်လည်သိမ်းဆည်းရန် ၎င်းစံမညီဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်နှင့် သီးနှံစိုက်ခင်းများ ရေဝင်နစ်မြုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ဒါးကချောင်းရေ ဝင်ရောက်မှုကြောင့် လူနေအိမ် ၁၇၁ လုံးနှင့် တောင်သူများ၏ သီးနှံစိုက်ဧက ၃၀၀၀၀ ကျော် ရေဝင်နစ်မြုပ်လျက်ရှိကြောင်း သိရသည်။
Subscribe to