ဒေးဒရဲမြို့၌ အသက်(၆၅)နှစ်အထက်ပြည်သူများ၊ နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ တစ်ဦးမှ တစ်ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး၊ ရောဂါဖြစ်ပွားမှု ကင်းစင်စေရေးအတွက် ဦးတည် အုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ နံနက်(၈)နာရီအချိန်ကစတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် ပြည်သူများ၊ အသက်(၁၈)နှစ်အထက် နာတာရှည် ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။