ပေါင်းတည် သြဂုတ် ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းကကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲကို မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့တို့ကဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့်ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ထိုဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဥက္ကဋ္ဌဒေါ် ခိုင်မာလွင်နှင့်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်ခင်မောင်၀င်းတို့က လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်တို့ကို ပူးပေါင်းပါ၀င်တားဆီးကာကွယ်ကြရန်နှင့် လူငယ်များအား အသိပညာမျှဝေပေးနိုင်ရေးတို့ကိုဆွေးနွေးဟောပြောခဲ့ကြကြောင်းသိရသည်။
ထိုအခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၀င်များ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)