ဟင်္သာတမြို့နယ်တွင် ရေဝင်သည့်ကျေးရွာများသို့ တိရစ္ဆာန်အစာနုအိတ်များ ထောက်ပံ့ပေးအပ်

ဟင်္သာတ သြဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ရေဝင်သည့်ဒေသများသို့ တိရစ္ဆာန်အစာနုအိတ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

 အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ခရိုင်မွေးကုဦးစီးမှူး ဒေါက်တာ အောင်သူမျိုးမှ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးချုပ်တို့မှ တိရစ္ဆာန်အစာနုအိတ်များ ထောက်ပံ့ရရှိမှု အခြေအနေများ ဆက်လက်ဖြန့်​ဖြူးမည့် အခြေအနေတို့ကို ရှင်းလင်း တင်ပြခဲ့ပြီးနောက် ခရိုင်ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးမှ ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ မြို့နယ်များရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများထံသို့ လည်းကောင်း၊ မြို့နယ်ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းမှ ရေဝင်ဒေသရှိ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ ပြည်သူများထံသို့ တိရစ္ဆာန်အစာနုအိတ်များ ပေးအပ်ခဲ့ကြပြီး မြို့နယ်မွေးကု ဦးစီးမှူး ဒေါက်တာ ယုနန္ဒာအောင်မှ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများအား တိရစ္ဆာန်ကုသဆေးများ ပေးအပ်ခြင်း များ ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်း၊ ဟင်္သာတခရိုင်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ အောင်သူမျိုးနှင့်ဝန်ထမ်းများ၊ဟင်္သာတမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူးနှင့်ဝန်ထမ်းများ ခရိုင်နှင့်မြို့နယ်စိုက်ပျိုးထုတ် လုပ်မှုတိုးတက်မြင့်မားရေး ကော်မတီဝင်များ၊ ဟင်္သာတခရိုင် အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ မြို့နယ်များမှ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ၊ ရေဝင်ဒေ သရှိ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အထက်ပါ ထောက်ပံ့ပေးအပ်သော တိရစ္ဆာန်အစာနုအိတ်များကို ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ၃.၂၅ တန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးချုပ် နေပြည်တော်မှ ၄.၅ တန်  ဟင်္သာတခရိုင်အတွက် စုစုပေါင်း ၇.၇၅ တန် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ခရိုင်အတွင်းရှိ မြို့နယ်များသို့ ခွဲဝေထောက်ပံ့ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)