ငပုတော ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ် ကောင်းမွန်စေရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ယနေ့နံနက် (၉)နာရီအချိန်က ငပုတောမြို့နယ်အတွင်းရှိ၊ မြို့မထရန်စဖော်မာမှ 400V ဓာတ်အားလိုင်းတစ်ဖီဒါရှိ B phase ကြိုးများအား လဲလှယ်ပေးခြင်း စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဓာတ်အားလိုင်းများအား ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရာတွင် ငပုတောမြို့နယ် လျှပ်စစ်ဓာတ်အားပေး စက်ရုံအတွင်း ဖြန့်ဖြူးထားသော မြို့မထရန်စဖော်မာ မှ 400V ဓာတ်အားလိုင်းအား လျှပ်စစ်ဓာတ်အား ကင်းရှင်းစေရေးနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ် ကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ၊ Unit Losses ကျဆင်းစေရေးနှင့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်ဦးစီးမှူး ဦးထက်ဝေယံအောင်နှင့် ဝန်ထမ်းများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)