မြစ်သား သြဂုတ် ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့တွင်ဒေသခံပြည်သူများသည် အိမ်ဆောက်လုပ်ရန်နှင့် ခြံစည်းရိုးများအုတ်တံတိုင်းခတ်ရန်အတွက် မြေအုတ်များအစား လက်လုပ်အုတ်များ အသုံးပြုမှု ပိုမိုများပြားလာ၍ လက်လုပ်အုတ်ငှားရမ်းလုပ်ကိုင်သူ မိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
လက်လုပ်အုတ်များပြုလုပ်ရာတွင် ဘိလပ်မြေတစ်အိတ်လျှင်သဲ၊ ကျောက်ဇကာချ၍သော်လည်းကောင်း၊ သဲအကြမ်း(သို့မဟုတ်) သဲအချောကိုလည်းကောင်း၊ သဲ(၂၆)လုံးမှ(၂၈)လုံးထိထည့်ကာ ရေအနည်းငယ်သာထည့်၍ ရောစပ်ထားသောဘိလပ်မြေအား သံဖြင့်ပြုလုပ်ထားသည့် အလျား(၉)လက်မ၊ အနံ(၄) လက်မ၊ အမြင့်(၂)လက်မခွဲခန့်ရှိ ပုံစံခွက်ထဲ ထုထည့်ရိုက်နှိပ်ကာ သင့်တော်သော ပြင်ညီနေရာတွင်ထား၍ နေရောင်ပြကာ ပြုလုပ်ရသောအုတ်တစ်မျိုး ဖြစ်ကြောင်း၊ အချိုးကျရောစပ်ထားသော ဘိလပ်မြေတွင် လက်လုပ်အုတ်(၁)လုံးကနေ (၂)လုံးထိရရှိကြောင်း၊ လက်လုပ်အုတ်ငှားရမ်းရိုက်လျှင် ဘိလပ်မြေ တစ်အိတ်လျှင် ရိုက်ခနှုန်းမှာ (၇၀၀၀ိ/-)ကျပ် စျေး ရှိကြောင်း ဝယ်သူလာသယ်လျှင် ကျပ်ငွေ(၁၃၀)နှင့်ဝယ်ယူ သူထံအရောက်ပို့ရလျှင် ငွေကျပ်(၁၅၀)ဖြင့် ဝယ်ယူရကြောင်း လက်လုပ်အုတ်လုပ်ငန်းလုပ်ကိုင်သူ ကိုပေါက်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)