ကျောက်ဆည် ဩဂုတ် ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ လူမှုစီးပွားဘဝမြင့်မားစေရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် သန့်ရှင်းသောသောက်သုံးရေလွယ်ကူစွာ သုံးစွဲနိုင်ရေး တုံလုံကျေးရွာနှင့် ကောင်းတင်ကျေးရွာတို့တွင် ရေဂါလံ(၂၄၀၀)ဆံ့ အမြင့်ရေစင်များ ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
အမြင့်ရေစင်များ ဆောက်လုပ်ရာ၌ ကျေးရွာ(၁)ရွာလျှင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၁၂.၉၀၀)သန်း အကုန်အကျခံကာ ရေဂါလံ(၂၄၀၀)ဆံ့ စင်မြင့်ရေစင်(၁)ခုစီ ဆောက်လုပ်ပေးလျက်ရှိကြောင်းနှင့် အမြင့်ရေစင်များ ဆောက်လုပ်ပေးပြီးသွားပါက တုံလုံကျေးရွာမှပြည်သူများနှင့် ကောင်းတင်ကျေးရွာမှ အိမ်ခြေ(၂၁၅)အိမ်၊လူဦးရေ(၁၁၄၀)ဦးတို့အတွက် သန့်ရှင်းသောသောက်သုံးရေများကို အချိန်ရာသီမရွေး ဖူလုံစွာသုံးစွဲနိုင်တော့မည့်အပြင် ကျွဲ၊ နွား၊ တိရစ္ဆာန်များနှင့် အခြားလိုအပ်သည့်နေရာများတွင် ဖူလုံစွာသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
သက်မောင်၊ကျောက်ဆည်