ဒဂုံမြောက်၌ စာမေးပွဲအသီးသီးတွင် ဖြေဆိုအောင်မြင်ကြသော စာအောင်သံဃာများအား ဂုဏပူဇာမင်္ဂလာနှင့် ဝါဆိုသင်္ဃန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ စာမေးပွဲအသီးသီးတွင် ဖြေဆိုအောင်မြင်ကြသော စာအောင်သံဃာများအား ဂုဏပူဇာမင်္ဂလာနှင့် ဝါဆိုသင်္ဃန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို (၄၂)ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သာသနာ့ဗိမာန်တော်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။