ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေမှုတို့အား သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဩဂုတ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူးမြို့နယ်၊ ကမာနတ်ကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရေသန့်စက်တပ်ယာဉ်ဖြင့် သောက်ရေသန့်များ ဖြန့်ဖြူးပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ရေကြီးနစ်မြှုပ်ခဲ့သည့် ရပ်ကွက်/ ကျေးရွာများအား အလှည့်ကျဖြန့်ဖြူးပေးနိုင်ရေး ကြိုတင်အသိပေးခြင်းများ ဆောင်ရွက်သွားရန်၊ မီးသတ်ရေယာဉ်များဖြင့် ရေအဆက်မပြတ်သယ်ယူပို့ဆောင်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်()အခြေခံပညာအထက်တန်းကျောင်း၌ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းသားမိဘဆရာအသင်းမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ စုပေါင်း၍ သန့်ရှင်းရေးပြုလုပ်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စာသင်ခုံများ၊ ကျောင်းသုံးပရိဘောဂများ ရေမြှုပ်ပျက်စီးမှုများအား ချက်ခြင်းပြင်ဆင်နိုင်ရေးနှင့် ကျောင်းတွင်းရှိ သောက်သုံးရေကန်များ၊ ရေတွင်းများအား ကလိုရင်းဆေးခတ်ခြင်းများ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ကျောင်းဘေးရှိ ကျုံးရေထွက်ပေါက်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေလမ်းကြောင်းပိတ်ဆို့မှုမရှိစေရေး ကွင်းဆင်းစိစစ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြီးနစ်မြှုပ်ခဲ့သည့် ပဲခူးမြို့နယ်၊ မယင်းကျေးရွာသို့ သွားရောက်ခဲ့ပြီး တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်ရေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်စိုးစိုးသက်၏ ဦးဆောင်မှုဖြင့် ရေကြီးနစ်မြုပ်ခဲ့သော ကျေးရွာနေပြည်သူများအား ငါးဟင်းချက်ပြုတ်လှူဒါန်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ကလေးငယ်များအတွက် အာဟာရမုန့်များ ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မယင်းကျေးရွာ၊ ဒက္ခိဏာရာမဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့ပြီး ဦးစီးပဓာန နာယက ဆရာတော်ကြီး ဖူးမြော်၍ သာသာနာရေးဆိုင်ရာများ လျောက်ထားကာ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဒက္ခိဏာရာမဘုန်းတော်ကြီးကျောင်းရှိ ရေဘေးသင့် ပြည်သူများနှင့် တွေ့ဆုံ၍ ရင်းရင်းနှီးနှီးအားပေးစကားပြောကြားခဲ့ပြီး စားသုံးကုန်များနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ တစ်ဦးချင်းစီအတွက် ဆန်ရိက္ခာဘိုး()လစာ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်အတွင်း ပဲခူးမြစ်ရေပြန်လည်ကျဆင်းနေမှုအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)