ဝါတွင်းကာလပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်များ၊ သာမဏေများ ဆွမ်းဆန်တော်၊ စားသုံးဆီများ အခက်အခဲမရှိစေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့ ပထမတောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက် သို့သွားရောက်၍ ဆွမ်းဆန်တော်၊ စားသုံးဆီ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းရာ ပထမတောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက်၊ မြို့နယ်သံဃနာယအဖွဲ့ဝင် စာချဆရာတော် ဦးသိရီဓမ္မထံ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ နှင့်ပြည်နယ်ဥပဒေချုပ်တို့က နဝကမ္မအလှူငွေ ကျပ်သိန်း(၃၀)၊ ဆွမ်းဆန်တော်၊ စားသုံးဆီတို့ကို ဆက်ကပ်လှူဒါန်းပေးကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။