ရပ်စောက်မြို့နယ်၌ ဒေသဝက် ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်‌စောက်မြို့နယ်တွင် ရှမ်းပြည်နယ်စိုးရအဖွဲ့ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မွေးမြူရေးဘဏ်စနစ်ဖြင့် ဒေသဝက်ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ယမ်းတွင်းငါးကြောင်းကျေးရွာအုပ်စု၊ ရတနာပုံကျေးရွာဓမ္မာရုံ၌ ပြုလုပ်သည်။

ကျွန်းလှမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ ရောဂါဘယကင်းဝေးစေရန်အတွက် ကာကွယ်ဆေးများကို မြို့နယ်မိခင်နှင့် ကလေးကျန်းမားရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၄၁)တိုးချဲ့ရပ်ကွက် ဦးဝိစာရလမ်းတွင် မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၁)တိုးချဲ့ရပ်ကွက်၊ ဦးဝိစာရလမ်းတွင် တိုက် (၂/E-1)ရှိ မြေညီထပ်တွင် ဖွင့်လှစ်ထားသော မြိုင်ကြေးအိုးဆီချက်ဆိုင်တွင် ယမန်နေ့ နံနက် (၁၁:၁၅) နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၃)စီးတို့ဖြင့်  မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူးဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ရာ  နံနက် (၁၁:၂၄)  နာရီအချိန်ခန့်တွင် မီးငြိမ်းသွားကြောင်းသိရသည်။

ကျုံပျော်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ဒါးကချောင်းရေ ဝင်ရောက်မှုကြောင့် လူနေအိမ် ၂၀၅ လုံးနှင့် သီးနှံ စိုက်ဧက ၃၄၀၀၀ ကျော် ရေဝင်နစ်မြုပ်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ဒါးကချောင်းရေ ဝင်ရောက်မှုကြောင့် လူနေအိမ် ၂၀၅ လုံးနှင့် တောင်သူများ၏ သီးနှံစိုက်ဧက ၃၄၀၀၀ ကျော် ရေဝင်နစ်မြုပ်လျှက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝဲကြီးကူကျေးရွာအုပ်စုတွင် ပန်းခင်စီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့သည်။

ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာပတ်ဝန်းကျင်မှ ဒေသခံများအား နယ်လှည့်ဆေးကုသအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကုတင် (၁၀၀) ပြည်သူ့ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်များပါဝင်သည့် နယ်လှည့်ဆေးကုသအဖွဲ့သည် ယနေ့နံနက် (၈) နာရီ အချိန်မှ စတင်ကာ ဘိုကလေးမြို့၊ စက်ဆန်းကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်း

နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ကြံခင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန) က စေတနာ၊ မေတ္တာအပြည့်ဖြင့် စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ဆောင်ရွက် ထုတ်ပိုးနေမှုများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ဧရာဦးခန်းမတွင် ပြုလုပ်ကြသည်။

ကန့်ဘလူမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းမှ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများကို ဩဂုတ် ၅ ရက်နံနက် ၉ နာရီက ကန့်ဘလူမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျန်းမာရေးဝန်ထမ်းများက အခမဲ့ဆောင်ရွက်ပေးသည်။

ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ပဲခူးမြို့နယ် မယင်းကျေးရွာနေပြည်သူများအား ဟင်းလျာများချက်ပြုတ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ်၊ မယင်းကျေးရွာနေပြည်သူများအား နေ့လယ်စာအတွက် ဟင်းလျာများ ချက်ပြုတ်လှူဒါန်းပေးကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများအား ပညာသင်စရိတ်နှင့် ဂုဏ်ပြုချီးမြှင့်၊ စွန့်ပစ်အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေး ညှိနှိုင်းဆွေးနွေး၊ ပဉ္စမအကြိမ် အားကစားသမားများအား လိုက်လံတွေ့ဆုံအားပေးထောက်ပံ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရခိုင်တိုင်းရင်းသားတို့၏ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့က (၂၀၂၃-၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ် ထောက်ပံ့ခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်အတွင်းရှိ အဆိုပါ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးတို့ တက်ရောက်အားပေး ချီးမြှင့်ကြသည်။
Subscribe to