ဇေယျာသီရိ ဩဂုတ် ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် လေသာကျေးရွာနှင့် ရေဆင်းကျေးရွာဆက်သွယ်ထားသည့် လမ်းမပေါ်၌ ယမန်နေ့ညပိုင်းက သစ်ပင်ပြိုလဲ၍ လမ်းပိတ်ဆို့နေမှုအား ပြည်သူများဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
ထိုသို့ရှင်းလင်းဆောင်ရွက်ရာတွင် ဇေယျာသီရိမြို့နယ် ကျွန်းရောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးကျော်၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ဒေသခံပြည်သူများက ရှင်းလင်းခြင်းဖြစ်ပြီး “ဒီကနေ့ ညပိုင်းက လဲတာပါ၊ ဒီလမ်းက ကျွန်းရောင်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ရွာတွေ အဓိကထားအသုံးပြုနေတဲ့ မိန်းလမ်းမကြီးဖြစ်ပါတယ်၊ အပင်လဲပြီးလမ်းပိတ်နေတော့ လမ်းသွားလမ်းလာတွေ အခက်အခဲဖြစ်တယ်၊ ခုလိုရပ်ရွာအင်အားနဲ့ ဖယ်ရှားရှင်းလင်းလိုက်တော့ သွားလာရတာအဆင်ပြေသွားတာပေါ့ဟု” ကျွန်းရောင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးအေးကျော်၏ ပြောပြချက်အရ သိရသည်။
ထွန်းလင်း(ဇေယျာမြေ)