စလင်း သြဂုတ် ၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီး အတွင်းအပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရေး ပလတ်စတစ်အိတ်သုံးစွဲမှု လျှော့ချသုံးစွဲလျော့နည်းသက်သာစေရန် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၈)နာရီအချိန်က အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန ဒုဦးစီးမှူး ဦးနန်းဦးမောင်နှင့် စည်ပင်သာယာဦးစီးဌာနမှ စျေးတာဝန်ခံဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းအဖွဲ့များ ပါဝင်သော အဖွဲ့များလိုက်ပါ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပလတ်စတစ်အိတ်၊ လျှော့ချသုံးစွဲရေး အသိပညာပေးလက်ကမ်းစာစောင်များ၊ ဖြန့်ဝေအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ကြီးကြပ်၍ မြို့မစျေးကြီးအဝင်ဆိုင်းပုတ်ရှေ့နှင့် စျေးအတွင်းအပြင် ရောင်းချလျက်ရှိသည့် အသားတန်းနှင့် အသီးအရွက်ရောင်းချသည့် စျေးဆိုင်ခန်းများ၊ မိမိတို့ဒေသမှထွက်ရှိသော ကြာဖက်ငှက်ပျောဖက်များနှင့် အင်ဖက်စက္ကူတို့နှင့် ထုပ်ပိုးရောင်းချရန် ပလတ်စတစ်အိတ်များအစားထုပ်ပိုးရာတွင် လွယ်သူစေသည့် ကြာဖက်ငှက်ပျောဖက်များကို အသုံးပြုကြရန်နှင့် ပလတ်စတစ်အိတ်အလွန်အကျွံမသုံးစွဲကြရန် ဟောပြောခြင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
မောင်လွင်(စလင်း)