ကျိုင်းတုံ ဩဂုတ် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် ဖမ်းဆီးနည်း(ဆင့်ပွား)သင်တန်း အမှတ်စဉ် (၁/၂၀၂၄)ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး အေးသိန်းက သင်တန်းကပို့ချသည့် ဘာသာရပ်များကို မြေပြင်မှာ အမှန်တကယ်လက်တွေ့လုပ်ဆောင်နိုင်အောင်၊ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရန်နှင့် ရဲလုပ်ငန်းတာဝန်များ ဆောင်ရွက်သည့်နေရာမှာ ပိုမိုအောင်မြင်အောင် ဂရုတစိုက် လိုက်နာသင်ယူသွားကြရန် အမှာစကားပြောကြားခဲ့သည်။
သင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ရဲတပ်ဖွဲ့ဝင် ၂၀ ဦး တက်ရောက်ပြီး ပြေး(၄)ပြေးဖမ်းဆီးခြင်း၊ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးခြင်း၊ ပိတ်ဆို့ရှာဖွေခြင်း စသည့် ဖမ်းဆီးခြင်းသင်ခန်းစာများကို ဩဂုတ် ၅ ရက်မှ ၁၆ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)