မြစ်သားမြို့နယ်၌ ဓာတ်မြေဩဇာစုပေါင်းရောင်းချပွဲနှင့် ပန်းတိုင်အထွက်နှုန်းရရှိ‌ရေး၊ စိုက်ဧကပြည့်မှီရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဓာတ်မြေဩဇာစုပေါင်းရောင်းချပွဲနှင့် ပန်းတိုင်အထွက်နှုန်းရရှိ‌ရေး၊ စိုက်ဧကပြည့်မှီရေးအသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးခန်းမ၌ ပြုလုပ်သည်။

၂၀၂၅ ခုနှစ်၊ ကယားပြည်နယ် ဒီဇင်ဘာလူထုအားကစားလ (စတုတ္ထပတ်) စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်သူများ ကျန်းမာကြံ့ခိုင်သော နေ့စဉ်လူမှုဘဝများကို ပိုင်ဆိုင်နိုင်ရန် ဒီဇင်ဘာလူထုအားကစားလ (စတုတ္ထပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့တွင် စုရပ်ပြုလုပ် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)မှ မိသားစုဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ဆင်နွှဲကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် (မွန်ပြည်နယ်တာဝန်ခံ) ချောင်းဆုံမြို့နယ်ရှိ မဲရုံများပြင်ဆင်ထားရှိမှုနှင့် မဲပေးစက်များ တပ်ဆင်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှု

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ တပ်ဆင်ထားရှိမှု အခြေအနေများကို ယနေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးကိုကိုလွင် (မွန်ပြည်နယ်တာဝန်ခံ) နှင့် တာဝန်ရှိသူများမှ မဲရုံများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ သဲဖြူနှင့်မဟာမြိုင်တောရဓမ္မရိပ်သာဆရာတော် ဘဒ္ဒန္တပညာဇောတမထေရ် ဦးဆောင်မှုဖြင့် တစ်ရက်လျှင် လူဦးရေ(၁၅၀၀၀)စတုဒိသာကျွေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရွှေစည်းခုံဘုရားဝင်းအတွင်း ဝေဇယန္တာဓမ္မဗိမာန်တော်ကြီးအတွင်း၌ ဒီဇင်ဘာ ၂၆ ရက်နေ့မှစတင်ကာ သဲဖြူနှင့်မဟာမြိုင်တောရဓမ္မရိပ်သာဆရာတော် ဘဒ္ဒန္တပညာဇောတမထေရ် ဦးဆောင်မှုဖြင့် စတုဒိသာကျွေးမွေးလှူဒါန်းလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း မဲရုံများပြင်ဆင်ထားရှိမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုက‌ရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲများ ဖွင့်ဖောက်ရေတွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် တပ်မတော်သားမိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသားများ၊ ကျန်းမာရေးမကောင်း၍ ဆေးကုသမှုခံယူနေရသူများနှင့် ဝန်ထမ်းများ၏ ကြိုတင်ဆန္ဒပြုမဲများ ဖွင့်ဖောက်ရေတွက်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ကျောက်တံတားမြို့နယ်အတွင်း မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး၊ ရပ်ကွက်၊ ကျေးရွာဓမ္မာရုံများတွင် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးနှင့် တာဝန်ရှိသူများယနေ့နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေးသည်။

ခန္တီးမြို့၌ မဲရုံပြုလုပ်မည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ခန္တီးမြို့ပေါ်တွင် မဲရုံများအဖြစ်ဆောင်ရွက်မည့် အခြေခံပညာကျောင်းများအား ယနေ့နံနက် (၇)နာရီအချိန်က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား ရပ်ကွက်/ကျေးရွာ အုပ်စုမဲရုံမှူးများမှ လာရောက်ထုတ်ယူ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား ညောင်လေးပင်မြို့နယ်အတွင်းရှိ မဲရုံများသို့ ဖြန့်ဝေချထားနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုမဲရုံမှူးများအား ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ခန္တီးမြို့၌ ရွေးကောက်ပွဲနေ့မတိုင်မီ ခရီးဝေးတွင်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၈)ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့်နေ့နှင့် ယင်းနေ့မတိုင်မီ နိုင်ငံတော်တာဝန်များဖြင့် ခရီးသွားလာကြမည့် ဝန်ထမ်းများနှင့်ပြည်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ခန္တီးမြို့ပေါ်ရှိ မဲရုံအသီးသီးတွင် ယမန်နေ့က ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။
Subscribe to