မှော်ဘီမြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုလာစနစ်ဖြင့် အထက်စု(မြစ်ကျိုး)မြစ်ရေတင်နှင့် ကျေးရွာမီးလင်းရေးစီမံကိန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

(၈၁)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုလာစနစ်ဖြင့် အထက်စု(မြစ်ကျိုး) မြစ်ရေတင်နှင့် ကျေးရွာမီးလင်းရေးစီမံကိန်း ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၄ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ မြစ်ကျိုးကျေးရွာတွင်ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

‎မဟာ‌အောင်မြေမြို့နယ်၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးသူငယ်များကို ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်း ဆောင်ရွက်

‎မန္တ‌လေးတိုင်းဒေသကြီး၊ မဟာ‌အောင်မြေမြို့နယ်၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်း အစီအစဉ်ကို ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ခဲ့သည်။

ငါန်းဇွန်မြို့၌ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

ငါန်းဇွန်မြို့၌ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ် ငါန်းဇွန် မတ် ၂၆ သက်နောင်ဦး(ငါန်းဇွန်)

ညောင်ဦးမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ရွှေဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ၊ မရှိကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ရွှေဆိုင်များအား နိုင်ငံတော်က သတ်မှတ်ထားသည့် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ၊ မရှိကွင်းဆင်းစစ်ဆေးခြင်းကို မတ် ၂၆ ရက် နံနက် ၈ နာရီခွဲက ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

မြန်မာအမျိုးသမီးများ၏ဘဝ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို တစိုက်မတ်မတ် အားသွန်ခွန်စိုက် လုပ်ကိုင်‌ဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့၏ (၂၂)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

သဲကုန်းမြို့နယ်တွင် နွေစပါးစိုက်ဧက (၁၀၆၅၄) ဧက စိုက်ပျိုးပြီးစီး

ပဲခူးတိုင်း​ဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ -၂၀၂၆ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်၊ ဒေသအတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ ယခုနှစ်တွင် နွေစပါးစိုက်ဧက (၁၇၅၇၀)ဧက စိုက်ပျိုးသွားရန်လျာထားပြီး ယနေ့အထိ နွေစပါး(၁၀၆၅၄)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်သည်။

စစ်ကိုင်းမြို့တွင် (၈၁)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ  

(၈၁)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ဝန်ထမ်းများမှ  စုပေါင်းသွေးလှူဒါန်းပွဲ     အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ ကုတင်(၂၀၀)ဆန့် ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးညိုမြို့နယ်၌ တီဘီရောဂါရှာဖွေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပတ္တော်ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတိုက်ဝင်းအတွင်း၌ ကျန်းမာရေးဌာနမှ တီဘီရောဂါရှာဖွေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို မတ် ၂၅ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to