နောင်ချိုမြို့နယ်၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများ ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအဆင်ပြေချောမွေ့စွာ ဆန္ဒမဲ‌ပေးနိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၊ အခြေခံပညာကျောင်းများ၌ မဲရုံများပြင်ဆင် ထားရှိမှုကို ယနေ့နံနက်ပိုင်းမှ စတင်၍ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

မြို့နယ်အသီးသီးရှိ မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲများ ဖွင့်ဖောက်ရေတွက်

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ပြည်တွင်းမဲဆန္ဒရှင်များနှင့် ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် ပြင်ပရောက်ကြိုတင် ဆန္ဒမဲများ ဖွင့်ဖောက်ရေတွက်ခြင်းကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ဆောင်ရွက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကျောက်တံတားမြို့နယ်အတွင်း မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးသည် ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှနယ်မြေတာဝန်ခံအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ၁၁ နာရီအချိန်က ကျောက်တံတားမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဆူးလေဘုရားလမ်း၊ အမှတ်(၇၇)ရှိ မဲရုံနေရာသို့ရောက်ရှိ၍ မဲရုံပြင်ဆင်ထားရှိမှုနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်များ တပ်ဆင်ထားရှိမှုအခြေအနေများကိုစစ်ဆေးခဲ့သည်။

လှိုင်မြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန် နှင့် ဆီပေးအပ်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်များရှိ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်နှင့် ဆီပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့တွင် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(စက္ကော့)မှ ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက် တန်းကျောင်း (စက္ကော့)မှ လာရောက်ကွင်းဆင်းလေ့လာရာ ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း၊ မြကျွန်းရွှေဝါခန်းမ၌ ကြိုဆိုပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ဘားအံ၌ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ (နောက်ဆုံးပတ်) ပါဝင်ဆင်နွှဲကြသူများ စည်ကား

ကိုယ်လက်လှုပ်ရှားအားကစား ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းစီမှသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်လာစေရေး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ စတုတ္ထပတ် (နောက်ဆုံးပတ်) ကို ယနေ့နံနက် ၅ နာရီခွဲက ဘားအံမြို့၊ အမှတ် (၄) ရပ်ကွက်၊ ဝန်ကြီးများအိမ်ရာရှေ့တွင် စုရပ်ထား၍ ကျင်းပရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မုံရွာမြို့ပေါ်ရှိ မဲရုံများပြင်ဆင် ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာအားကစားလ စတုတ္ထပတ်လူထုစုပေါင်းလမ်းလျှေက်ပွဲကို ဒီဇင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင် ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များမှဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များ၊ သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းတို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နေပြည်သူများနှင့် အားကစားကိုချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။ 
Subscribe to