ကရသူရိမြို့၌ (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ကရသူရိ မတ် ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ မတ်လ(၂၇)ရက်နေ့တွင် ကျ‌ရောက်မည့်(၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မတ်လ ၂၆ ရက်နံနက် ၉ နာရီတွင် အမှတ်(၂)ရပ်ကွက် ပြည်ထောင်စုကားလမ်းမကြီး၌ ဖြန့်ဝေပေးခဲ့သည်။

ထိုလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကကားဂိတ်နှင့် လူစည်ကားရာနေရာများ၊ ခရီး သွားလာပြည်သူများအား လိုက်လံဖြန့်ဝေပေးခြင်းဖြစ်ရာ အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၈၁)နှစ်မြောက်တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏စွမ်းရည်သုံးရပ်၊ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်၊ တပ်မတော်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းပုံ၊ ခိုင်ကျည်ရဲဝံ့စွန့်စားသည့် သန္နိဌာန်စိတ်ထားဖြင့် ထာဝစဉ် ရှင်သန်ရပ်တည်၊ အားသစ်စေကြောင်း ပြည့်သားကောင်း၊ မဆုတ်မနှစ်တဲ့ ဇွဲလုံလနဲ့ ကျေပွန်‌အောင်ထမ်း‌ဆောင်နှင့် ဆောင်းပါး၊ ဆောင်ပုဒ်၊ ကဗျာ၊ ကာတွန်းများ ပြည့်စုံစွာပါရှိကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)