အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ပင်လုံမြို့ရှိ မဲရုံများ ပြင်ဆင်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

ပင်လုံမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံပြင်ဆင်ထားမှုအခြေအနေများအား ယမန်နေ့ နံနက်ပိုင်း၌ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး MEVM မဲပေးစက်များ ဖြန့်ဝေ

‎‎ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ၂၀၂၅ ခုနှစ် ယနေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် MEVM မြန်မာ့အီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများအား ယမန်နေ့နံနက် ၉ နာရီ အချိန်မှစတင်၍ ဒေသဦးစီးအဖွဲ့ရုံး၌ စုရပ်ထားကာ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲများကျင်းပ

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး အမျိုးသားအားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ဆင်နွှဲစေရေး ရည်ရွယ်၍ ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးအသီးရှိ မြို့နယ်များတွင် ကျင်းပလျက်ရှိပါသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး ညောင်ဦးမြို့နယ်အတွင်း မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အခြေခံပညာကျောင်းများ၊ ရပ်ကွက်ကျေးရွာဓမ္မာရုံများတွင် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အ‌ခြေအနေများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများ ဒီဇင်ဘာ ၂၇ ရက်၊ နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးနေဝင်းအောင် သင်္ဃန်းကျွန်းမြို့နယ်၌ မဲရုံများရှိ မဲပေးစက်များ ခင်းကျင်းထားမှုနှင့် မဲရုံများကွင်းဆင်းကြည့်ရှု့စစ်​ဆေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေဝင်းအောင်သည် သင်္ဃန်းကျွန်းမြို့နယ် (ဇ-တောင်)ရပ်ကွက်အတွင်းရှိ အမှတ် (၂)အခြေခံညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် မဲရုံအမှတ် (၁) (၂) (၃)နှင့် သင်္ဃန်းကျွန်းမြို့နယ် (င-က) ရပ်ကွက် လေ့ကျင့်ရေး အလယ်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် မဲရုံအမှတ်(၂)တို့အား ဒီဇင်ဘာလ ၂၇ ရက် နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မဲရုံများအား ကွင်းဆင်းကြည့်ရှု့ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး (အလွတ်တန်း) စက်ဘီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းသော ၂၀၂၆-ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး(အလွတ်တန်း) စက်ဘီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (နောက်ဆုံးပတ်) သို့ ပါဝင်ဆင်နွှဲ

ပြည်သူလူထုတစ်ရပ်လုံးကျန်းမာကြံ့ခိုင်ရေး၊ အားကစားလေ့ကျင့်သည့် အလေ့အကျင့်ကောင်းများ ရှိလာစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံးကိုယ်လက်ကြံ့ခိုင်ရန် ပါဝင်ဆင်နွှဲရေးတို့အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (နောက်ဆုံးပတ်) ကို ယနေ့နံနက် ၅ နာရီခွဲက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Subscribe to