ကျောက်ဆည် မတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ပြည်သူများ စားသုံးဆီဝယ်ယူသုံးစွဲရာ၌ အထောက်အပံ့ရရှိစေရန်အတွက် စားအုန်းဆီတင်သွင်းသော သတ်မှတ်အရည်အသွေးပြည့်ဝသည့် Resources Group Trading Co.,Ltd မှ စားအုန်းဆီများကိုဝယ်ပြီး အိမ်ထောင်စုတစ်စုလျှင် ဆီဝယ်ယူခွင့်စာအုပ်များ ပြုလုပ်ပေး၍ တစ်ကြိမ်ရောင်းချပေးပါက ၂ ပိဿာနှုန်းဖြင့် အပတ်စဉ်ပြည်သူများအား အလှည့်ကျရောင်းချပေးလျက်ရှိကြောင်းသိရှိရပြီး ယမန်နေ့က စားအုန်းဆီ ၅၅၀ ပိသာအား သတ်မှတ် ရည်ညွှန်းဈေးဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာ၌ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် ဆီအရောင်းဆိုင်များဖြစ်သည့် ဦးထင်လင်းအောင်(အမေထွား)စားအုန်းဆီအရောင်းဆိုင်မှ ကြောင်ပန်းကုန်းကျေးရွာမှ ပြည်သူများအား ၁၁၀ ပိသာ၊ ဒေါ်သီတာ(စစ်ငြိမ်း) ချောင်းဆုံကျေးရွာမှ ပြည်သူများအား ၁၁၀ ပိဿာ၊ ဒေါ်စန်းစန်းဌေး (နေလသု-၂) စားအုန်းဆီအရောင်းဆိုင်မှ ဆူးလေကုန်းကျေးရွာပြည်သူများအား ၃၃၀ ပိသာ၊ စုစုပေါင်း စားအုန်းဆီ ၅၅၀ ပိဿာ ရောင်းချပေးခဲ့ပြီး ကျန်ရှိနေသည့် ရပ်ကွက်/ကျေးရွာ ပြည်သူများအား အလှည့်ကျ ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။
စုစုအေး(ကျောက်ဆည်)