ကျောက်တန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် စာပေသစ်ပင်စိုက်ပျိုးခြင်း သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် စာပေသစ်ပင်စိုက်ပျိုးခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို ရွှေကုန်း အ.မ.က ကျောင်း၌ ကျင်းပခဲ့သည်။

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက နမ့်စန်မြို့တွင် ရွေးကောက်ပွဲကျင်းပမည့် မဲရုံများ အသင့်ပြင်ဆင်ထားရှိမှု  ကွင်းဆင်းကြည့်ရှုစစ်ဆေး

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများသည် နမ့်စန်မြို့နယ်တွင် ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့် မဲရုံများ အသင့်ပြင်ဆင်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်၉နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပဲခူးမြို့တွင် ဒီဇင်ဘာအားကစားလ(‌နောက်ဆုံးပတ်) လူထုစုပေါင်းလမ်းလျှောက်

ပဲခူးမြို့တွင် ဒီဇင်ဘာအားကစားလ (‌နောက်ဆုံးပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲပို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ သင်တန်းသား/ သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

သာယာဝတီမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများထံ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ဒီဇင်ဘာလ (၂၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက် (၆)နာရီကစတင်၍ ခရိုင်အုပ်ချုပ်ရေးမှူးရုံးဟောင်းတွင် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် ရွှေမောင်း အောင်ကမ္ဘာ ဘိုးဘွားရိပ်သာ ကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၅)ရပ်ကွက် ရွှေမောင်း သီလရှင်စာသင်တိုက် ဦးစီးပဓာန နာယကဆရာကြီး ဒေါ်ဥပ္ပလထေရီ (သာသနဓဇ ဓမ္မာစရိယ၊ မဟာသဒ္ဓမ္မဇောတိကဓဇ)မှ ဦးဆောင်၍ ဆောက်လုပ်ပြီးစီးခဲ့သော ရွှေမောင်းအောင်ကမ္ဘာ ဘိုးဘွားရိပ်သာ ကျောင်းဆောင်သစ်ဖွင့်ပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော သဲကုန်းကျေးရွာ ကုန်ထုတ်လမ်း မြေသားခင်းခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂ဝ၂၅-၂၀ ၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော သဲကုန်းကျေးရွာကုန်ထုတ်လမ်း မြေသားခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ချမ်းအေးသာစံမြို့နယ်၌ မဲရုံပြင်ဆင်ထားရှိမှူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း လိုက်လံကြည့်ရှု

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံများ၌ MEVM မဲပေးစက်များ တပ်ဆင်ထားရှိမှုနှင့် မဲရုံပြင်ဆင်ထားရှိမှူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်နှင့် ဆီ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း စကားဖြူခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေး အဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်နှင့်ဆီပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဒီဇင်ဘာလူထုအားကစားလ နောက်ဆုံအပတ် စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

လူထုအားကစားလှုပ်ရှား ဆောင်ရွက်မှုတွင်  အသက်အရွယ်မရွေး စုပေါင်းလေ့ကျင့်နိုင်သည့် ကိုယ်လက်လှုပ်ရှား အားကစားတွင် စုပေါင်းလမ်းလျှောက်ခြင်းဖြစ်ရာ ဒီဇင်ဘာလူထု အားကစားလ နောက်ဆုံးအပတ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသားဖွားသင်တန်းကျောင်း၊ အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း (မော်လမြိုင်)၊ အခြေခံပညာအထက်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားလိုက်စားသူ အများပြည်သူများက စုရပ်ဖြစ်သည့် မော်လမြိုင်မြို့၊ မောရဝတီပန်းခြံရှေ့မှစတင်၍ ကမ်းနားလမ်းတစ်လျှောက် ရာမညအားကစားကွင်းအတွင်း စုပေါင်းလမ်းလျှောက်ခြင်းကို တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ သည်။
Subscribe to