မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်ရှိ သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပရောက်  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များ ဖွင့်ဖောက်ရေတွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်ရှိ  သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များကို ဒီဇင်ဘာ ၂၆ ရက် ညနေ ၄ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဖွင့်ဖောက်ရေတွက်ခဲ့ကြသည်။

မချမ်းဘောမြို့နယ်၌ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်မဲများ ဖွင့်ဖောက်ရေတွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များ ဖွင့်ဖောက်ရေတွက်ခြင်းကို ယမန်နေ့ညနေ (၄)နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ထားဝယ်မြို့၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများ ဟောပြောဆွေးနွေးပွဲ ကျင်းပ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများ ဟောပြောဆွေးနွေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ဦးစွာတိုင်းရင်းသားများက "စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်" သီချင်းဖြင့် ဖျော်ဖြေသည်။

လယ်ဝေးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများထုတ်ပေး

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် MEVM မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများကို လယ်ဝေးမြို့၊ အားကစားလေ့ကျင့်ရေးစခန်း၊ အမှတ်(၂)တွင် ယနေ့နံနက်ပိုင်းက ထုတ်ပေးခဲ့‌ကြောင်း သိရသည်။

သန်လျင်မြို့နယ်၌ ကြိုတင်မဲများ ဖွင့်ဖောက်ရေတွက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒပြုခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများ၏ ကြိုတင်မဲများကို ယမန်နေ့ညနေ(၄)နာရီတွင် မြို့နယ်ရွေးကောက်ပွဲကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဖွင့်ဖောက်ကြေညာခဲ့ကြသည်။

ထန်းတပင်မြို့နယ်၌ ပြည်တွင်းရှိမဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ် ပြင်ပရောက် ကြိုတင်မဲများဖွင့်ဖောက်ရေတွက်

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်တွင်းရှိမဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ် ပြင်ပရောက်ကြိုတင်မဲများဖွင့်ဖောက်ရေတွက်ခြင်းကိုဒီဇင်ဘာလ (၂၆) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ကြီး၊ အနောက်ပိုင်း တိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦး၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့မှ ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက Video Conference စနစ်ဖြင့် တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ မဲရုံများအားကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ဒီဇင်ဘာ ၂၅ ရက်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့်  မဲရုံများကြိုတင်ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ပေါင်းတည်၌ မဲဆန္ဒနယ်မြေ ပြင်ပရောက်ရှိနေကြသူများ၏ ကြိုတင်ဆန္ဒမဲများအား ဖွင့်ဖောက်ရေတွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်၌ မဲဆန္ဒနယ်‌မြေပြင်ပတွင် ရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါစာအိတ်များကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်ဖောက်ရေတွက်ခဲ့ကြသည်။

မူဆယ်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများအတွင်း မဲပေးစက်များ တပ်ဆင်ထားရှိမှု အခြေအနေများ စစ်ဆေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့်ပြည်သူများ အဆင်ပြေချောမွေ့စေရန် မဲရုံများအတွင်း မဲပေးစက်များ တပ်ဆင်ထားရှိမှုကို ယနေ့မွန်းလွဲ ၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to