ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဒီဇင်ဘာလ စတုတ္ထအပတ် လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ Physical Fitness Dance များစုပေါင်း ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် လူထုအားကစားလှုပ်ရှားမှုအဖြစ် ဒီဇင်ဘာလစတုတ္ထအပတ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ မြို့လယ်ချောင်း တံတားရှေ့မှ ဓညဝတီအားကစားကွင်းအထိ ကျင်းပကြသည်။

ညောင်တုန်းမြို့နယ်၌ ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စက္ကော့တောင်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄)ဖြင့် ဆောင်ရွက်သည့် ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာခန်းမ၌ ပြုလုပ်ခဲ့သည်။

မန္တလေးမြို့ ရတနာပုံဥယျာဉ်တွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်(၆)နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ (၆၆)လမ်း၊ (၁၉)လမ်း(နန်းမြို့) ဦထိပ်တံတားတွင် ကျင်းပပြုလုပ်သည်။

ခိုလမ်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ မဲရုံများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်မည်ဖြစ်ရာ ပြည်သူများ ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားရှိသော ရပ်ကွက် /ကျေးရွာအုပ်စု မဲရုံများအား ယမန်နေ့ မွန်းလွဲ ၁ နာရီက အရှေးအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး မင်းသီဟကျော်၊ မြို့စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းစိုး၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ခိုလမ်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်းရှိ မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုး ဟိုပုံးမြို့ပေါ်ရှိမဲရုံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲရုံများ လျာထားပြင်ဆင်ထားမှု အခြေအနေများအား ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ မဲရုံများအားကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယနေ့မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် မဲရုံများကြိုတင်ပြင်ဆင်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့သည်။

ကမာရွတ်မြို့နယ်၌ ပြည်တွင်းရှိမဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပရောက် ကြိုတင်မဲများဖွင့်ဖောက်ရေတွက်

၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပရောက်ကြိုတင်မဲများ ဖွင့်ဖောက် ရေတွက်ခြင်းကိုယေနေ့၊ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် စည်ပင်သာယာပိုင် ၈ တပ် အဆောက်အအုံရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရွှေဘိုမြို့၌ မြို့နယ် ပြည်တွင်း/ပြင်ပမှ ပြန်လည်ပေးပို့လာသည့် ကြိုတင်မဲများအား ဖွင့်ဖောက်စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအ​ထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်ပြည်တွင်း/ပြင်ပမှ ပေးပို့လာသော ကြိုတင်မဲများ ဖွင့်ဖောက်မှုကို ယမန်နေ့ ည‌နေပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ပါတီကိုယ်စားပြုကိုယ်စားလှယ်များ မြို့မိမြို့ဖများ တက်ရောက်ခဲ့သည်။

မကွေးမြို့နယ်၌ MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများ စနစ်တကျ ဖြန့်ဝေပို့ဆောင်ပေး

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို တာဝန်ရှိသူတို့၏ ကြီးကြပ်မှုဖြင့် ဒီဇင်ဘာ ၂၆ ရက်နေ့နံနက်က မဲရုံအသီးသီးသို့ စနစ်တကျ ဖြန့်ဝေပို့‌ဆောင်ပေးခဲ့ကြသည်။

မြင်းခြံမြို့၌ ကြိုတင်ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်စစ်ဆေး ရေတွက်ခြင်း ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ကြိုတင်ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်စစ်ဆေး ရေတွက်ခြင်းကို ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to